တမန်တော်/အခွင့်အရေးများ/ကို ပေါလု စွန့်လွှတ်ခြင်း
9
ကျွန်ုပ်/သည် လွတ်လပ်သူ/ဖြစ်သည် မဟုတ်လော။ တမန်တော်/ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့/၏/သခင် ယေရှု/ကို မြင်ခဲ့ဖူးသူ/ဖြစ်သည် မဟုတ်လော။ သင်တို့/သည် သခင်ဘုရား/အားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသော/အမှုတော်/မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။ 2 ကျွန်ုပ်/သည် အခြား/သူတို့/အတွက် တမန်တော် မဖြစ်/လျှင်ပင် သင်တို့/အတွက် တမန်တော်/ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/ကိုယ်တိုင်/သည် သခင်ဘုရား/နှင့် တပေါင်းတစည်းတည်း/ရှိခြင်း/အားဖြင့် ကျွန်ုပ်/တမန်တော်/ဖြစ်ကြောင်း သက်သေ/ဖြစ်ကြ/သောကြောင့် ဖြစ်၏။
3 ကျွန်ုပ်/ကို စစ်ဆေး/မေးမြန်းသော/သူတို့/အား ဤသို့ ကျွန်ုပ်/ဖြေရှင်း၏။ 4 ကျွန်ုပ်တို့/သည် သင်တို့/အိမ်/၌ စားသောက်/ပိုင်ခွင့် မရှိသလော။ 5 ကျွန်ုပ်တို့/သည် ပေတရုa/မှစ၍ သခင်ဘုရား/၏ ညီတော်များ/နှင့် အခြားသော/တမန်တော်များ/ကဲ့သို့ ခရီးသွား/ရာတွင် ယုံကြည်သူb/ဇနီးသည်/ကို ကျွန်ုပ်တို့/နှင့်အတူ ခေါ်ဆောင်ခွင့် မရှိသလော။ 6 ကျွန်ုပ်/နှင့် ဗာနဗ/သာလျှင် မိမိတို့/စားဝတ်နေရေး/အတွက် အလုပ်လုပ်/ရမည်လော။
7 မည်သူ/သည် မိမိ/စရိတ်/ဖြင့် စစ်မှုထမ်း/ရသနည်း။ မည်သူ/သည် စပျစ်ခြံ/ကို စိုက်ပျိုး/ပြီး ထို/ခြံထွက်/အသီး/ကို မစားဘဲ/နေရသနည်း။ မည်သူ/သည် သိုးအုပ်/ကို ထိန်းကျောင်း/ပြီး သိုးနို့/ကို မသောက်ဘဲ/နေရသနည်း။ 8 ကျွန်ုပ်/သည် ဤ/အရာများ/ကို လူ့/အမြင်/ဖြင့်သာ ပြောနေသလော။ ပညတ်တရား/သည်လည်း ဤ/အတိုင်း/ပင် ဖော်ပြထားသည်/မဟုတ်လော။ 9 မောရှေ/၏/ပညတ်ကျမ်း/တွင် “စပါး နယ်နေသည့်/နွား/၏/နှုတ်/ကို ပါးချုပ်/မတပ်ရ” ဟု ရေးသားထား၏။ ထိုသို့/ဆိုရာ/တွင် ဘုရားသခင်/သည် နွား/ကိုသာ အလေးထား/၍ မိန့်တော်မူသလော။ 10 ကျွန်ုပ်တို့/အတွက်/သာ မိန့်တော်မူသည်/မဟုတ်လော။ အမှန်ပင် ကျွန်ုပ်တို့/အတွက် ရေးသားထားခြင်း/ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်သောသူ/နှင့် စပါး/နယ်သော/သူတို့/နှစ်ဦးလုံး/သည် ရရှိမည့်/ဝေစု/အသီးအနှံ/ကို မျှော်လင့်/လျက် လုပ်ဆောင်ကြရ/သောကြောင့် ဖြစ်၏။
11 ကျွန်ုပ်တို့/သည် သင်တို့/ထံ၌ ဝိညာဉ်ရေးရာ မျိုးစေ့/ကို စိုက်ပျိုးခဲ့သည်/ဖြစ်လျှင် သင်တို့/ထံမှ ခန္ဓာရေးရာ/အစားအသောက်/ကို ရိတ်သိမ်းခြင်း/က လွန်ရာ/ကျသလော။ 12 အခြား/သူတို့/သည် သင်တို့/ထံမှ ဤ/ခံစားခွင့်/ကို ရ/လျှင် ကျွန်ုပ်တို့/သည် ပို၍ ရထိုက်သည်/မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့/သည် ဤ/ခံစားခွင့်/ကို မယူခဲ့ကြ။ ခရစ်တော်/၏ သတင်းကောင်း/ကို အဆီးအတား/မရှိ/စေရန်/အတွက် မည်သည့်/အခက်အခဲ/ကို/မဆို သည်းခံကြ၏။
13 ဗိမာန်တော်/၌ အမှုထမ်းသော/သူတို့/သည် ဗိမာန်တော်/မှ အစားအစာများ/ကို စားသောက်ရ/ပြီး ယဇ်ပလ္လင်/၌ အမှုထမ်းသော/သူတို့/သည် ယဇ်ပလ္လင်/မှ ရရှိသော ပူဇော်စရာများ/ကို မျှဝေ/ခံစားခွင့်/ရှိကြောင်း/ကို သင်တို့/မသိကြသလော။ 14 ထို/နည်းတူ သတင်းကောင်း/ကို ဟောပြောသော/သူတို့/သည် ထို/သတင်းကောင်း/အားဖြင့် အသက်/မွေးခွင့်/ရှိကြောင်း သခင်ဘုရား/မိန့်တော်မူခဲ့၏။ 15 သို့သော်လည်း ကျွန်ုပ်/သည် ထို/အခွင့်အရေး/ကို တစ်ခါ/မျှ မယူခဲ့ဖူးပေ။ ထို/အခွင့်အရေး/ကို သင်တို့/ပေးမည်/ဟု မျှော်လင့်/၍ ဤ/စာ/ကို ရေးရခြင်း/လည်း မဟုတ်ပါ။ အမှန်/တွင် အခကြေးငွေ/မယူဘဲ ဟောပြောခြင်း/ကြောင့် ဂုဏ်ယူ/ဝင့်ကြွားရသော/အခွင့်/ကို ဆုံးရှုံးသည်/ထက် သေသွားခဲ့/လျှင်ပင် ပို၍ ကောင်း/လိမ့်မည်။ 16 သို့သော်လည်း သတင်းကောင်း/ကို ဟောပြောခြင်း/သည် ကျွန်ုပ်/အတွက် ကြွားဝါစရာ/မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်/၌ မဖြစ်မနေ/ဟောပြောရမည့်/တာဝန်/ရှိ/သောကြောင့်/ဖြစ်၏။ ထို/သတင်းကောင်း/ကို မဟောပြော/လျှင် ကျွန်ုပ်/သည် အမင်္ဂလာ/ရှိ၏။
17 ကျွန်ုပ်/သည် ဤ/အမှု/ကို မိမိ/အလိုဆန္ဒ/ကြောင့် ဆောင်ရွက်ခြင်း/ဖြစ်/လျှင် ဆုလာဘ်/ကို ရသင့်၏။ သို့သော် ဘုရားသခင်/က ဤ/တာဝန်/ကို ကျွန်ုပ်/ထံ ယုံယုံကြည်ကြည်/အပ်နှံထား/သောကြောင့် ဝတ္တရား/ရှိ/၍ ဆောင်ရွက်ရခြင်း/ဖြစ်၏။ 18 သို့ဖြစ်/လျှင် ကျွန်ုပ်/၏ ဆုလာဘ်/မှာ မည်သည့်/အရာ/ဖြစ်သနည်း။ ဤ/အရာ/မှာ အခကြေးငွေ/မယူဘဲ သတင်းကောင်း/ကို ဟောပြောခြင်း/ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်/သည် သတင်းကောင်း/ကို ဟောပြော/သောအခါ ကျွန်ုပ်/ရထိုက်သော/အခွင့်အရေး/ကို အပြည့်အဝ/မတောင်းဆိုဘဲ/နေခြင်း/ဖြစ်၏။
19 ကျွန်ုပ်/သည် လွတ်လပ်သောသူ/ဖြစ်ပြီး မည်သူ/၏/ကျွန်/မှ မဟုတ်ပါ။ သို့သော် ခရစ်တော်/ကို ယုံကြည်သောသူများ ပို၍ များလာ/စေရန် လူ/အပေါင်းတို့/၏/ကျွန် ဖြစ်လာရ၏။ 20 ဂျူးလူမျိုးတို့/နှင့်အတူ/ရှိစဉ်က ဂျူးလူမျိုးတို့/ကို ကယ်တင်/နိုင်ရန် ဂျူးလူမျိုး/ကဲ့သို့ နေထိုင်၏။ ဂျူးလူမျိုးတို့/၏ ပညတ်တရား/ကို လိုက်နာ/စောင့်ထိန်းသူ/မဟုတ်/သော်လည်း ထို/ပညတ်တရား/ကို လိုက်နာ/စောင့်ထိန်းသော/ဂျူးလူမျိုးတို့/ကို ကယ်တင်/နိုင်ရန် ပညတ်တရား/ကို စောင့်ထိန်းသူ/ကဲ့သို့ နေထိုင်၏။ 21 ဂျူးလူမျိုးတို့/၏/ပညတ်တရား/ကို မကျင့်သုံးသော လူမျိုးခြားတို့/နှင့်အတူ/ရှိစဉ်က ထို/သူတို့/ကို ကယ်တင်/နိုင်ရန် ပညတ်တရား/ကို မကျင့်သုံးသောသူ/ကဲ့သို့ နေထိုင်၏။ သို့ရာတွင် ဘုရားသခင်/၏ ပညတ်တရား/ကို လျစ်လျူ/မရှု၊ ခရစ်တော်/၏ ပညတ်တရား/ကို နာခံ/ကျင့်သုံး၏။
22 အားနည်းသော/သူတို့/နှင့်အတူ/ရှိစဉ်က အားနည်းသော/သူတို့/ကို ကယ်တင်/နိုင်ရန် အားနည်းသောသူ/ဖြစ်လာ၏။ တတ်နိုင်/သမျှ လူ/တချို့/ကို ကယ်တင်/နိုင်ရန် ထို/သူတို့/နှင့် တူသော/အချက်/ကို ရှာ/၍ နေထိုင်၏။ 23 သတင်းကောင်း/ပျံ့နှံ့/ရန်အတွက် အရာ/အားလုံး/ကို လုပ်ဆောင်/ပြီး ထို/သတင်းကောင်း/၏ အကျိုး/ကျေးဇူးများ/ကို မျှဝေခံစား၏။
24 အပြေးပြိုင်ပွဲ/တွင် ပြေးသောသူ/အားလုံး ယှဉ်ပြိုင်ကြ/သော်လည်း တစ်ဦးတည်း/သာ ဆုရသည်/ကို သင်တို့/သိကြသည်/မဟုတ်လော။ သို့ဖြစ်၍ ဆု/ကို ဆွတ်ခူးရရှိ/နိုင်ရန်/အတွက် ပြေးကြလော့။ 25 အားကစားသမား/တိုင်း/သည် လေ့ကျင့်/ရာတွင် အရာရာ/၌ မိမိ/ကိုယ်ကိုယ် ထိန်းချုပ်ရ၏။ ထို/သူတို့/သည် ပျောက်ကွယ်/ပျက်စီးမည့် ဆုသရဖူ/ကို ရ/ရန် ထိုသို့/ပြုကြ၏။ ကျွန်ုပ်တို့/မှာမူ ထာဝရ/မပျောက်ကွယ်/မပျက်စီးမည့် ဆုသရဖူ/ကို ရ/ရန် ထိုသို့/ပြုကြ၏။ 26 ထို့ကြောင့် ကျွန်ုပ်/သည် ပန်းတိုင်/မရှိဘဲ ပြေး/သကဲ့သို့ ပြေးသည်/မဟုတ်။ ကျွန်ုပ်/သည် လေ/ကို လက်ဝှေ့/ထိုး/သကဲ့သို့ ထိုးသည်/မဟုတ်။ 27 သူတစ်ပါး/ကို ဟောပြော/ပြီးမှ မိမိ/ကိုယ်တိုင်/က အရည်အချင်း/မပြည့်မီဘဲ/နေမည်/ကို ကျွန်ုပ်/စိုးရွံ့/သောကြောင့် ကျွန်ုပ်/သည် အားကစားသမား/ကဲ့သို့ မိမိ/ကိုယ်ခန္ဓာ/ကို ထိုးနှက်/၍ ထိန်းချုပ်၏။